Everyday is A Plus

မြန်မာနိုင်ငံတွင် မိုဘိုင်း၀န်ဆောင်မှုအသုံးပြုသူများ ငွေလွှဲ၊ သွင်း၊ ထုတ် ပြုလုပ်နိုင်ပါပြီ

A + Apple App A + Google App

MMQR ဆိုတာ ဘာလဲ?

MMQR ဟာ Digital Payment Switch တစ်ခုဖြစ်ပြီး Digital Wallet နဲ့ Mobile Payment တိုင်းကို လွယ်လွယ်ကူကူနဲ့ လျင်မြန်စွာ ငွေပေးချေနိုင်အောင် ကူညီပေးမယ့် စနစ်တစ်ခုဖြစ် တဲ့အပြင် Integrated ပါဝင်ပြီးသား Service တစ်ခုဖြစ်တဲ့ အတွက် A+ Wallet နဲ့ MMQR လက်ခံတဲ့ဆိုင်တိုင်း၊ စီးပွားရေး လုပ်ငန်းတိုင်းမှာ အလွယ်တကူ QR လေးဖတ်ပြီး စိတ်တိုင်းကျ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

A+ MMQR ကိုအသုံးပြုပြီး အလွယ်တကူငွေပေးချေနိုင်ပါပြီ

MMQR ဆိုတာ ဘယ် Digital Wallet နဲ့ Mobile Payment တွေကနေမဆို MMQR တစ်ခုတည်းကိုပဲ Scan ဖတ်ပြီး ငွေပေးချေနိုင်တာမို့ အရင်လို QR stand တွေ အများကြီးထားစရာမလိုတော့ဘဲ ပိုလွယ်၊ ပိုမြန်၊ ပိုအဆင်ပြေတဲ့ Digital Payment အနေနဲ့ ငွေပေးချေမှုတွေ ပြုလုပ်နိုင်ပြီပေါ့။
ဒါကြောင့် A+ MMQR နဲ့ဆို Digital Wallet နဲ့ Mobile Payment တိုင်းအတွက် အလွယ်တကူ QR လေးဖတ်ပြီး စိတ်တိုင်းကျ ငွေပေးချေလို့ရပြီဆိုတော့ အိုကေမှာ စိုပြေပဲလေ။

ငွေလွှဲခြင်း

A+Wallet မှမိမိတို့ မိတ်ဆွေသူငယ်ချင်းများထံ လွယ်ကူစွာ ငွေလွှဲနိုင်ပါတယ်။

  • A+ အကောင့်မှ ငွေလွှဲလိုပါက ငွေလွှဲနည်းပုံစံ (၂) မျိုးဖြင့် ငွေလွှဲနိုင်ပါသည်။
  • A+ အကောင့်ရှိသူအချင်းချင်း A+ Wallet App ၏ ငွေလွှဲမှတစ်ဆင့် အလွယ်တကူငွေလွှဲခြင်းနှင့် A+ အကောင့်မရှိသူထံသို့ ငွေလွှဲလိုပါက မှတ်ပုံတင်၊ One Time Password (OTP) နှင့် Transaction Code တို့ဖြင့် မိမိလွှဲလိုသည့် ပမာဏအလိုက်သတ်မှတ်ဝန်ဆောင်ခများဖြင့် ငွေလွှဲနိုင်ပါသည်။

ငွေသွင်းရန်

A+ Wallet အကောင့်ထဲသို့ နည်းလမ်း (၃) မျိုးဖြင့် ငွေဖြည့်သွင်းနိုင်ပါသည်။

  • (၁) ကတ်များမှတစ်ဆင့် ငွေဖြည့်ခြင်း
  • (၂) A bank အကောင့်မှ ငွေဖြည့်ခြင်း
  • (၃) A+ Agent များမှ ငွေဖြည့်ခြင်း

ငွေထုတ်ရန်

A+ Wallet အကောင့်မှ ငွေထုတ်လိုပါက နီးစပ်ရာ Agent (သို့မဟုတ်) Prime Agent Counter ရှိသော A bank ဘဏ်ခွဲများတွင် ငွေထုတ်ယူနိုင်ပါသည်။

ဖုန်းငွေဖြည့်ရန်

A+ Wallet App မှတစ်ဆင့် မည်သည့်ဖုန်းအော်ပရေတာကိုမဆို ဖုန်းဘေလ်ဖြည့်လို့ရနိုင်ပါသည်။ ဖုန်းငွေဖြည့်တိုင်း လျှော့ပေးသည့် အထူးလျှော့ဈေးနှုန်းထားများလည်း ရှိပါသည်။

ဘေလ်ပေးဆောင်ရန်

အင်တာနက်ဘေလ်ပေးဆောင်မှုများအား A+ Wallet အက်ပ်လီကေးရှင်းမှတဆင့် လွယ်ကူစွာပေးဆောင်နိုင်ပါသည်။ ဥပမာ – Ananda Eload, Mahar Net, MPT (B2B Payment), MPT (B2C Payment), OK Link, Ooredoo FTTH, True Net, UC Link

လက်ဆောင်ကဒ်

A+ Wallet App ၏ Gift Card မှတစ်ဆင့် iTunes Gift Card များကို မိမိစိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။

ဘဏ်အကောင့်ချိတ်ခြင်း

မိမိ၏ A+ Wallet အကောင့်နှင့် A bank အကောင့်ကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပြီး ငွေသွင်း၊ ငွေလွှဲ၊ ဖုန်းဘေလ်ဖြည့်၊ ဘေလ်ပေးဆောင်၊ ငွေပေးချေ စသည့် မိမိနှစ်သက်သလို အသုံးပြုနိုင်ပါသည်။

Agentတည်နေရာများ

A+ Wallet App ၏ ဘဏ်ခွဲနှင့် အေးဂျင့်တည်နေရာများ တွင် မိမိနှင့် အနီးဆုံး ဘဏ်ခွဲနှင့် A+ Agent တည်နေရာများကို ကြည့်ရှုနိုင်ပါသည်။

Biometric Login

A+ Wallet အကောင့်သို့ ဝင်ရောက်ချိန်တွင် အချိန်ကုန်သက်သာပြီး အဆင်ပြေသော Face ID (သို့မဟုတ်) Fingerprint ဖြင့်ဝင်လို့ရပါသည်။ ဤစနစ်ကို အသုံးပြုနိုင်ရန်အတွက် A+ Wallet Application မှ ပြင်ဆင်ရန်ထဲတွင် Touch ID နှင့် Face ID စနစ်အသုံးပြုရန်ကို ဖွင့်ထားရန်လိုအပ်ပါသည်။

“Your mobile device has quickly become the easiest portal into your digital self.”