မေးလေ့ရှိသောမေးခွန်းများ

သိရှိလိုသည့်အကြောင်းအရာများကို
ရှာဖွေကြည့်ရှုနိုင်ပါသည်။

A+ Wallet ကို MPT, Telenor, Ooredoo, MyTel အစရှိသည့် ဆက်သွယ်ရေးအော်ပရေတာများဖြင့် အသုံးပြုနိုင်ပါတယ်။

A+ ကိုယ်စားလှယ်ဆိုင်များတွင် A+ ဆိုင်းဘုတ်လေးတွေ ချိတ်ဆွဲထားပါတယ်။

A+ Merchant ဆိုင်များတွင် အလွယ်တကူ ငွေပေးချေနိုင်ရန် A+ QR Standee များ ထားရှိထားပါတယ်။

A+ Wallet အကောင့်သုံးပြီး မြန်မာနိုင်ငံအတွင်း ဘယ်သူ့ကိုမဆို ငွေလွှဲလို့ရပါတယ်။ ဒါ့အပြင် ငွေလက်ခံမယ့်သူမှာ A+ အကောင့်ရှိရင်တော့ ဖုန်းနံပါတ် သိရုံနဲ့ အခမဲ့ ငွေလွှဲနိုင်ပြီး လွှဲလိုက်သည့်ငွေက ငွေလက်ခံမယ့်သူရဲ့ အကောင့်ထဲသို့ တိုက်ရိုက် ရောက်သွားမှာဖြစ်ပါတယ်။

ငွေလက်ခံမယ့်သူသည် A+ အကောင့်မရှိပါက ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို သိရုံနဲ့ ဘယ်သူ့ကိုမဆို A+ Wallet ကတစ်ဆင့် ငွေလွှဲနိုင်ပါတယ်။ ငွေလွှဲပြီးပါက လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူဆီပို့လိုက်တာနဲ့ နီးစပ်ရာ A+ အေးဂျင့်ဆိုင်တွေမှာ ငွေသားထုတ်ယူနိုင်ပါတယ်။ ပေးပို့သော လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွှဲပြီး ဘယ်သူ့ကိုမှမပေးပါနဲ့။

A+ အကောင့် အချင်းချင်းဆိုရင် “အခမဲ့” ငွေလွှဲနိုင်ပါတယ်။

A+ အကောင့်မရှိတဲ့သူဆီ ငွေလွှဲတဲ့အခါ ငွေလွှဲခပေးရပါတယ်။

A+ အကောင့်ထဲက ငွေထုတ်မယ်ဆိုရင်တော့ ငွေထုတ်ခကို ထုတ်ယူမည့်ငွေပမာဏထဲမှ နှုတ်ယူသွားမှာ ဖြစ်ပါတယ်။ ကျသင့်တဲ့ ငွေလွှဲခပမာဏ အသေးစိတ်အား အက်ပလီကေးရှင်းထဲမှာ ရှိတဲ့ “Fees and Limits” ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

A+ Agent ဆိုင်တွေမှာ မိမိအကောင့်ထဲ ငွေသွင်းတဲ့ အခါ ငွေသွင်းခပေးဖို့မလိုပါဘူး။

လတ်တလောတွင် နိုင်ငံခြားမှ ငွေလွှဲလက်ခံတဲ့ ဝန်ဆောင်မှုမရှိသေးပါဘူး။

ငွေလက်ခံမယ့်သူက A+ အကောင့် ရှိရင် လွှဲလိုက်တဲ့ငွေက ငွေလက်ခံမယ့်သူရဲ့ A+ အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး ငွေထုတ်ချင်ရင်တော့ နီးစပ်ရာ A+ အေးဂျင့် (သို့) ငွေလွှဲကောင်တာမှာ ဖုန်းနံပါတ်ပြောရုံနဲ့ ငွေထုတ်နိုင်ပါတယ်။

ငွေလက်ခံမယ့်သူက A+ အကောင့်မရှိရင် မှတ်ပုံတင် ၊ လုပ်ငန်းစဉ်နံပါတ်နဲ့ လျှို့၀ှက်နံပါတ်သုံးပြီး နီးစပ်ရာ A+ အေးဂျင့် (သို့) ဘဏ်ခွဲရှိငွေလွှဲကောင်တာမှာ ငွေထုတ်နိုင်ပါတယ်။

ဖုန်းနံပါတ်တစ်ခုကို A+ အကောင့်တစ်ခုပဲဖွင့်လို့ရပါတယ်။

Google Play Store နှင့် Apple App Storeတို့မှ “အခမဲ့” ‌ဒေါင်းလုပ်ဆွဲ ပြီး အသုံးပြုနိုင်ပါတယ်။
[Android] bit.ly/3cez7nI
[IOS] apple.co/3FaIDEC

A+ Wallet အကောင့်ဖွင့်ဖို့အတွက် အရင်ဆုံး A+ Wallet အက်ပလီကေးရှင်းကို download လုပ်ရပါမယ်။ A+ Wallet အကောင့်ကို မိမိကြိုက်နှစ်သက်ရာ SIM Card ကိုအသုံးပြုနိုင်ပါတယ်။ A+ Wallet အကောင့် အား Self-registration ကို ကိုယ်တိုင် ပြုလုပ်နိုင်ပြီး အမည်၊ ဖုန်းနံပါတ် ၊ မှတ်ပုံတင်နံပါတ် တို့ကို မှန်ကန်စွာဖြည့်ပြီး အကောင့်ဖွင့်လို့ရပါတယ်။

A+ Wallet အကောင့်ကို Level-1 နှင့် Level-2 အထိ မြှင့်နိုင်မှာဖြစ်ပြီး Level အလိုက်ထုတ်ယူနိုင်တဲ့ ငွေပမာဏများ ကွာခြားပါတယ်။

A+ Wallet ကို စတင်ဖွင့်လှစ်လိုက်တာနဲ့ Level 1 အကောင့်ရရှိမှာဖြစ်ပါတယ်။

မိမိရဲ့ လက်ရှိသုံးနေတဲ့ A+ Wallet Level 1 အကောင့်ကို Level 2မြှင့်ဖို့အတွက် မှတ်ပုံတင် လိုအပ်ပါ တယ်။

A+ Wallet အက်ပလီကေးရှင်းရဲ့Setting ထဲရှိ “wallet အဆင့်မြှင့်တင်ရန်” ထဲမှတစ်ဆင့် Level 2 မြှင့်တင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေဖြစ်တဲ့ ကိုယ်ရဲ့ မှတ်ပုံတင်မူရင်း အရှေ့ဓာတ်ပုံ၊ အနောက်ဓာတ်ပုံ နှင့် ကိုယ့်ရဲ့ မှတ်ပုံတင်နဲ့ရိုက်ထားတဲ့ Selfie ဓာတ်ပုံကိုထည့်ပေးရမည်ဖြစ်ပြီး အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်တွေက မှတ်ပုံတင်ထဲက အမည်တူနေဖို့လိုပါသည်။ မှန်ကန်တဲ့ အချက်အလက်ကိုသာဖြည့်ဖို့ အရေးကြီးပါတယ်။‌

အချက်အလက်များပြည့်စုံမှန်ကန်ပါက Level 2 အဆင့်မြှင့်တင်ခြင်းကို (၂၄)နာရီမှ (၄၈)နာရီအတွင်း ဆောင်ရွက်ပေးသွားမှာပါ။ ၂ရက်အတွင်း Level မြှင့်တင်မှုမဖြစ်ပါက A+ Call Center ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်။

A+ Wallet အကောင့် Level 1 နဲ့ Level 2 တို့ရဲ့မှာ ငွေထည့်ထားနိုင်သည့်ပမာဏ၊ နေ့စဉ်ငွေလွှဲနိုင်တဲ့ ပမာဏတွေကွာခြားပါတယ်။ Level 2 အကောင့်အသုံးပြုသူတွေက Level 1 အကောင့်အသုံးပြုသူတွေ ထက် အကောင့်ထဲမှာ ငွေပိုပြီး ထည့်ထားနိုင်ပါတယ်။ ဒါ့အပြင် Level 2 အဆင့်မြှင့်တင်ထားသူများသည် A bank အကောင့်နှင့်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

A+ Wallet အက်ပလီကေးရှင်းရဲ့ Setting ထဲရှိ Touch ID & Face ID စနစ်အသုံးပြုရန် ကို on နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။

A+ Wallet ထဲတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာစကားကိုအသုံးပြုနိုင်ပြီး Setting ထဲရှိ ဘာသာစကားတွင် ရွေးချယ်နိုင်ပါတယ်။

A+ Wallet မိုဘိုင်းအက်ပလီကေးရှင်းကို သုံးမယ်ဆိုရင်ရရှိမယ့် အကျိုးကျေးဇူးတွေက တော့ -
၁။ မိမိ ကိုယ်တိုင် အကောင့်ဖွင့်နိုင်ခြင်း
၂။ A+ အကောင့်အချင်းချင်း အခမဲ့ငွေလွှဲနိုင်ခြင်း
၃။ A+ Wallet ရဲ့ ရိုးရှင်းလွယ်ကူတဲ့ ငွေကြေးဝန်ဆောင်မှုတွေကို နားလည်နိုင်ခြင်း
၄။ အချိန်မရွေး အသုံးပြုနိုင်ခြင်း
၅။ မိမိအကောင့်ထဲတွင် ဝယ်ယူသုံးစွဲပြီးသော စာရင်းများ ၊ (transaction history) ကိုအလွယ်တကူပြန်လည်ကြည့်ရှုနိုင်ခြင်း
၇။ ဆိုင်များတွင် QR Code များကို Scan ဖတ်ပြီး မြန်ဆန်စွာ ငွေပေးချေနိုင်ခြင်း
၈။ A+ Wallet အသုံးပြုပြီး ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ဘေပေးဆောင်ခြင်း၊ ဖုန်းဘေဖြည့်ခြင်း၊ iTunes Gift ကတ်များနှင့်အခြားလက်ဆောင်များဝယ်ယူခြင်း စတဲ့ ဝန်ဆောင်မှုများရယူနိုင်ခြင်း
၉။ ကမ္ဘာပေါ်ရှိမည်သည့်ဘဏ်မဆို MPU, VISA, MasterCard တွေနဲ့ ငွေသွင်းနိုင်ခြင်း အပြင် A bank အကောင့်နှင့်ချိတ်ဆက်ပြီး အလွယ်တကူငွေဖြည့်သွင်းနိုင်ခြင်း
၁၁။ A+ အေးဂျင့်ဆိုင်တွေကနေ အခမဲ့ ငွေသွင်းနိုင်ခြင်း
၁၀။ A+ Wallet မိုဘိုင်းအက်ပလီကေးရှင်းကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း
အစရှိတဲ့ လုပ်ဆောင်မှုတွေလုပ်နိုင်တာကြောင့် A+ Wallet မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြုဖို့ အကြံပေးလိုပါတယ်။

Coin Pocket ဆိုတာ A+ Wallet ၏အထူးအစီအစဉ်များ ၊ ပရိုမိုးရှင်းများတွင် ပြန်လည်ပေးအပ်သည့် Reward အမျိုးအစားဖြစ်ပါတယ်။

Coin Pocket ဖြင့် ဖုန်းငွေဖြည့်ခြင်းနှင့် ငွေလွှဲခြင်းများ ပြုလုပ်နိုင်ပါတယ်။

မိမိရဲ့ A+ Wallet အကောင့်ထဲရှိ “ငွေဖြည့်သွင်းရန်”ကိုနှိပ်ပြီး ကမ္ဘာပေါ်ရှိမည်သည့် ဘဏ်မဆို MPU ၊ VISA ၊ MasterCard ကတ်တွေနဲ့ ငွေဖြည့်နိုင်သလို မိမိရဲ့A bank အကောင့်နဲ့ချိတ်ဆက်၍ အခမဲ့ ငွေသွင်းနိုင်ပါတယ်။ ဒါမှမဟုတ် နီးစပ်ရာ A+ အေးဂျင့် ဆိုင်မှာ ငွေသွင်းနိုင်ပါတယ်။

A+ Wallet အကောင့်ကနေ A+ Wallet အကောင့်မရှိသူကို ငွေလွှဲမယ်ဆိုရင် ငွေလက်ခံမယ့်သူရဲ့ဖုန်းနံပါတ်၊ နာမည် နဲ့ မှတ်ပုံတင်နံပါတ်တွေကို သိဖို့ လိုအပ်ပါတယ်။ ငွေလွှဲပြီးသွားရင်တော့ ငွေလက်ခံမယ့်သူက နီးစပ်ရာ A+ အေးဂျင့် (သို့) ဘဏ်ခွဲ တွင် ငွေထုတ်နိုင်ပါတယ်။
A+ Wallet အကောင့်မရှိသူသို့ ငွေလွှဲပုံအဆင့်ဆင့်ကို ကြည့်နိုင်ပါတယ်။
၁။ အရင်ဆုံး A+ Wallet App ကို ဖွင့်ပါ။ ပြီးရင် “ငွေလွှဲရန်” ကိုရွေးပါ။
၂။ “ငွေလွှဲရန်” ထဲမှ “အကောင့်မရှိသူသို့” ကိုရွေးချယ်ပါ။
၃။ ငွေလွှဲမည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ မိမိ ငွေလွဲမယ့်သူရဲ့ဖုန်းနံပါတ် မှန်မမှန် ပြန်စစ်ပါ။
၃။ လွှဲမည့်ငွေပမာဏ ဖြည့်ပြီး “ဆက်ရန်” ကို နှိပ်ပါ။ မိမိ လွှဲလိုတဲ့ ငွေပမာဏနဲ့ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေ မှန်မမှန် ပြန်စစ်ပါ။
၄။ အတည်ပြုခြင်းစာမျက်နှာပေါ်လာမှာဖြစ်ပြီး “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
၅။ ငွေလွှဲလုပ်ဆောင်မှု အောင်မြင်ပါပြီ။
၆။ လုပ်ဆောင်မှုအောင်မြင်ပါသည်စာရွက်တွင် Cash Code ကျလာမှာဖြစ်ပါတယ်။
၈။ Cash Code တွင်ပါရှိတဲ့ ဂဏန်း(၈)လုံးကို ငွေလက်ခံမယ့်သူ တစ်ယောက်တည်းကိုပဲပြောပြပေးပါ။
၇။ ငွေလက်ခံသူသည် ကိုယ်စားလှယ် (သို့) ဘဏ်ခွဲတွင် ငွေလွှဲသူမှ ပေးပို့သော ဂဏန်း(၈)လုံးကို အသုံးပြုပြီး ငွေထုတ်ယူနိုင်ပါတယ်။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက "အသိပေးချက်များ" မှာ ကြည့်ရှုနိုင်သလို ငွေလွှဲရန်ထဲရှိ "မှတ်တမ်း" တွင်လည်း ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

ပထမဆုံး A+ Wallet အကောင့်မှ အခြား A+ အကောင့် (သို့) A bank ဘဏ်အကောင့်ထဲ ကို ငွေလွှဲမယ်ဆိုရင် ငွေလက်ခံမယ့်သူရဲ့ A+ Wallet အကောင့် ဖွင့်ထားတဲ့ဖုန်းနံပါတ် (သို့) A bank ဘဏ်အကောင့်နံပါတ် သိဖို့လိုပါတယ်။
အခြား A+ အကောင့် (သို့) A bank ဘဏ်အကောင့်ထဲကို ငွေလွှဲမယ်ဆိုရင် ငွေလွှဲပုံအဆင့်ဆင့်ကို ကြည့်ရှုနိုင်ပါတယ်။
၁။ အရင်ဆုံး A+ Wallet App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ငွေလွှဲရန်” ကိုရွေးပါ။
၂။ “ငွေလွှဲရန်” ထဲမှ “အခြား A+ အကောင့် (သို့) A bank ဘဏ်အကောင့်” ကိုရွေးချယ်ပါ။
ပထမဆုံး A+ Wallet အကောင့်မှ အခြား A+ အကောင့် (သို့) A bank ဘဏ်အကောင့်ထဲ ကို ငွေလွှဲမယ်ဆိုရင် ငွေလက်ခံမယ့်သူရဲ့ A+ Wallet အကောင့် ဖွင့်ထားတဲ့ဖုန်းနံပါတ် (သို့) A bank ဘဏ်အကောင့်နံပါတ် သိဖို့လိုပါတယ်။

အခြား A+ အကောင့် (သို့) A bank ဘဏ်အကောင့်ထဲကို ငွေလွှဲမယ်ဆိုရင် ငွေလွှဲပုံအဆင့်ဆင့်ကို ကြည့်ရှုနိုင်ပါတယ်။
၁။ အရင်ဆုံး A+ Wallet App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ငွေလွှဲရန်” ကိုရွေးပါ။
၂။ “ငွေလွှဲရန်” ထဲမှ “အခြား A+ အကောင့် (သို့) A bank ဘဏ်အကောင့်” ကိုရွေးချယ်ပါ။
၃။ ငွေလွှဲမည့်သူရဲ့ A+ အကောင့်ဖုန်းနံပါတ် (သို့) A bank ဘဏ်အကောင့် ရိုက်ထည့်ပါ။ မိမိ ငွေလွဲမယ့်သူရဲ့ဖုန်းနံပါတ် (သို့) A bank ဘဏ်အကောင့်ထဲ မှန်မမှန် ပြန်စစ်ပါ။
၃။ လွှဲမည့်ငွေပမာဏ ဖြည့်ပြီး “ဆက်ရန်” ကို နှိပ်ပါ။ မိမိ လွှဲလိုတဲ့ ငွေပမာဏနဲ့ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေ မှန်မမှန် ပြန်စစ်ပါ။
၄။ အတည်ပြုခြင်းစာမျက်နှာပေါ်လာမှာဖြစ်ပြီး “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
၅။ ငွေလွှဲလုပ်ဆောင်မှု ပြီးမြောက်အောင်မြင်ပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက "အသိပေးချက်များ" မှာ ကြည့်ရှုနိုင်သလို ငွေလွှဲရန်ထဲရှိ "မှတ်တမ်း" တွင်လည်း ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

A+ Wallet App ထဲရှိ “ငွေထုတ်ရန်” ကိုနှိပ်ပါ မိမိထုတ်လိုသည့် ငွေပမာဏကိုဖြည့်ပြီး နီးစပ်ရာ A+ အေးဂျင့် (သို့) ဘဏ်ခွဲတွင် ငွေထုတ်နိုင်ပါတယ်။

A+ Wallet နဲ့ iTunes Gift Card ဝယ်ယူပုံအဆင့်ဆင့်ကို ကြည့်ရှုနိုင်ပါတယ်။
၁။ အရင်ဆုံး Wi-Fi (သို့) မိုဘိုင်းဒေတာရှိဖို့လိုပါတယ်။
၂။ A+ Wallet App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “အခြားပေးချေမှုများ ကိုနှိပ်ပါ။
၃။ ထို့နောက် “Gift Card”ကို ရွေးချယ်ပါ။
၄။ ဘေလ်အမျိုးအစားရွေးချယ်ရန်ထဲတွင် “iTunes Gift Card” ကိုနှိပ်ပါ။
၅။ ဘေလ်ပေးဆောင်မည့်ပမာဏ ပရိုမိုးရှင်းကုဒ်"ဆက်ရန်"ကိုနှိပ်ပြီးပါက အချက်အလက်များကို မှန်ကန်စွာ မှန်/မမှန် စစ်ဆေးပါ။
၆။ အတည်ပြုခြင်းတွင် “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
၇။ မိမိရဲ့ ဖုန်းဘေဖြည့်တဲ့လုပ်ဆောင်မှု ပြီးမြောက်အောင်မြင်ပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက "အသိပေးချက်များ" မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

A+ Wallet နဲ့ ဖုန်းဘေဖြည့်ဖို့ဆိုရင်
၁။ အရင်ဆုံး Wi-Fi (သို့) မိုဘိုင်းဒေတာရှိဖို့လိုပါတယ်။
၂။ A+ Wallet App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ဖုန်းငွေဖြည့်ရန်” ကိုနှိပ်ပါ။
၃။ မိမိငွေဖြည့်လိုတဲ့ ဖုန်းနံပါတ်ကို မှန်အောင် ရိုက်ထည့်ပါ။
၄။ ငွေဖြည့်ချင်တဲ့ ပမာဏကိုရွေးချယ်ပါ။"
၅။ "ဆက်ရန်"ကိုနှိပ်ပြီးပါက အချက်အလက်များကို မှန်ကန်စွာ မှန်/မမှန် စစ်ဆေးပါ။
၆။ အတည်ပြုခြင်းတွင် “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
၇။ မိမိရဲ့ ဖုန်းဘေဖြည့်တဲ့လုပ်ဆောင်မှု ပြီးမြောက်အောင်မြင်ပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက "အသိပေးချက်များ" မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

A+ Wallet ကိုသုံးပြီး အင်တာနက်ဘေပေးဆောင်ဖို့ဆိုရင်
၁။ ပထမဆုံး A+ Wallet App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ "ဘေပေးဆောင်ရန်" ကိုနှိပ်ပါ။
၂။ “အင်တာနက်ဝန်ဆောင်မှု” ကိုနှိပ်ပါ။
၃။ နောက်ပြီး မိမိပေးချေလိုသည့်ဝန်ဆောင်မှုကိုရွေးပြီး လိုအပ်တဲ့အချက်အလက်များကို မှန်ကန်စွာဖြည့်ပါ။
၄။ ထို့နောက် "ဆက်ရန်" ကိုနှိပ်ပါ။ အချက်အလက်များကို မှန်ကန်စွာ မှန်/မမှန် စစ်ဆေးပါ။
၅။ အတည်ပြုခြင်းတွင် “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
၆။ မိမိရဲ့ အင်တာနက်ဘေပေးဆောင်မှု အောင်မြင်ပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက "အသိပေးချက်များ" မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

မိမိ A+ Wallet ရဲ့ လျှိ့ဝှက်ကုတ်နံပါတ် (PIN No) ကိုပြောင်းလဲအသုံးပြုလိုပါက
၁။ အရင်ဆုံး A+ Wallet App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ "ပြင်ဆင်ရန်"ကို ရွေးချယ်ပါ။
၂။ ထို့နောက် လျှို့ဝှက်ကုဒ်ပြောင်းရန်" ကိုနှိပ်ပြီး ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
မိမိပြောင်းလဲသော လျှို့ဝှက်ကုဒ်ကို မိမိအကောင့်လုံခြုံရေးအတွက် ဘယ်သူ့ကိုမှ မပြောရန် လိုအပ်ပါတယ်။

လတ်တလောတွင် ချေးငွေဝန်ဆောင်မှုမရှိသေးပါ။
Transaction History အသေးစိတ်ကို ဘယ်မှာ ကြည့်လို့ရလဲ? ဘယ်နှလစာကြည့်လို့ရလဲ?
မှတ်တမ်းထဲတွင် မိမိအသုံးပြုခဲ့သည့်အကြိမ်ပေါင်း ၃၀၀ (သို့) ၆လ အတွင်းလုပ်ဆောင် ချက်များကို ကြည့်ရှုနိုင်ပါတယ်။

သတ်မှတ်ထားသော A Plus Merchant ဆိုင်များတွင် A+ Wallet ရဲ့ QR Code နဲ့ ပေးချေနိုင်ပါတယ်။

A bank ဘဏ်အကောင့်ချိတ်ဆက်လိုပါ မိမိ A+ အကောင့်သည် Level-2 အဆင့်မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။
A+ Wallet နဲ့ A bank ဘဏ်အကောင့်ချိတ်ဆက်လိုပါက
၁။ အရင်ဆုံး A+ Wallet App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ "ပြင်ဆင်ရန်" ကိုနှိပ်ပါ။
၂။ ထို့နောက် “ဘဏ်အကောင့်အပ်ရန်” ကို ရွေးချယ်ပါ။
၃။ မိမိ A+ Wallet PIN No(လျှို့ဝှက်ကုဒ်) ကို ထပ်မံ ရိုက်ထည့်ပါ။
၄။ မိမိချိတ်ဆက်လိုတဲ့ “A bank ဘဏ်အကောင့်နံပါတ်” ထည့်ပါ။
၅။ “အတည်ပြုရန်” ကိုနှိပ်ပါ။
၆။ မိမိရဲ့ဘဏ်အကောင့်ချိတ်ဆက်မှု အောင်မြင်ပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက "အသိပေးချက်များ" မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

လတ်တလော ပေးချေးနိုင်သော Bill Payment ဝန်ဆောင်မှုများမှာ ANANDA, Hi Wifi, MyanmarNet AwaThone, MyanmarNet Data, MyanmarNet Prepaid တွေ နဲ့ ချိတ်ဆက်ထားပါတယ်။

A+ Wallet ထဲကို ဝင်ရောက်ဖို့အတွက် A+ အကောင့်ရဲ့PIN နံပါတ် ၆လုံးကို ရိုက်ထည့်ရမှာပါ။ အကောင့်ထဲကို တစ်ကြိမ်ဝင်ပြီးရင် နောက်တစ်ကြိမ် PIN နံပါတ်ကို ထပ်ထည့်စရာမလိုပါဘူး။ မိမိအကောင့်လုံခြုံရေးအတွက် စိတ်ချရအောင် မိမိPIN နံပါတ်ကို ဘယ်သူ့ကိုမှမပြောပြပါနဲ့။

A+ Wallet Official Facebook Page ( https://bit.ly/3w3cLiv )၏ Messenger မှလည်ကောင်း၊ A+ Call Center Phone Number 09-707 770 888 သို့ (၂၄)နာရီ အခက်အခဲနှင့် သိလိုတာတွေကို ပိတ်ရက်မရှိစုံစမ်းမေးမြန်းနိုင်ပါတယ်။

တကယ်လို့ အကောင့်ကို ရက်ပေါင်း (၁၈၀) မသုံးဘဲထားရင် မိတ်ဆွေရဲ့အကောင့် လုံခြုံရေးအတွက် အကောင့်ကို ယာယီ ပိတ်လိုက်မှာဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ ယာယီပိတ်ထားတဲ့ အကောင့်ကိုပြန်လည်အသုံးပြုချင်တယ်ဆိုရင် Call Center ကို ဆက်သွယ်နိုင်ပါတယ်။ အကောင့်ယာယီပိတ်ထားတဲ့အချိန်မှာ ငွေလွှဲလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အကောင့်ကို မပိတ်ခင်မှာလည်း က အကောင့်ပိတ်မယ့် သတိပေးအကြောင်းကြားစာ SMS ကိုလည်း ရရှိမှာဖြစ်ပါတယ်။

မိမိ A+ အကောင့်ကို PIN နံပါတ် (၅)ကြိမ်နှင့်အထက် မှားနှိပ်မိခြင်း နှင့် အချိန်ကြာမြင့်စွာ အသုံးမပြုပဲထားပါက Lock ကျနိုင်ပါတယ်။ A+ Wallet Lock ကျပါက A+ Call Center ဖုန်းနံပါတ် 09 770 709 888 သို့ ဆက်သွယ်ပြီး Lock ဖြည့်နိုင်ပါတယ်။

A+ Call Center Phone Number 09 770 709 888 သို့ ကိုယ်တိုင် ဆက်သွယ်၍ သော်လည်းကောင်း၊ A+ မိုဘိုင်းအက်ပလီ ကေးရှင်း ပေါ်ရှိ Forgot Item ကိုနှိပ်၍ မိမိ၏ ကိုယ်ရေးအချက်အလက်များကို မှန်ကန် စွာဖြည့်ပီး လျှိ့ဝှက်ကုတ်နံပါတ် (PIN No) အသစ် ပြန်လည်တောင်းလို့ရပါတယ်။

A+ Wallet ကို ဆက်လက်အသုံးမပြုလိုပါက A+ အကောင့် လက်ကျန်ငွေကို သုံည (Zero) အထိထားပြီး A+ Call Center သို့ ခေါ်ဆိုပြီး အကောင့်ပိတ်နိုင်ပါတယ်။

A Plus Call Center Phone Number 09-707 770 888 သို့ မည်သည့်အတွက်ကြောင်း ပြောင်းလို သည်ကို ဆက်သွယ်၍ပြောပြရပါမည်။

A+ Wallet App ထဲရှိ “ဘဏ်ခွဲများနှင့် အေးဂျင့်တည်နေရာများထဲ”တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

A+ Call Center 09 770 709 888 သို့ ဖုန်းဆက်၍ A+ Wallet အကောင့်ကို ခေတ္တပိတ်ထားရန်လိုအပ်ပါတယ်။ SIM Card ပြန်လည်ရရှိမှသာ A+ Call Center သို့ ဆက်သွယ်ပြီး အကောင့်ပြန်ဖွင့်ရန်လိုအပ်ပါတယ်။

A+ Call Center 09 770 709 888 သို့ ဆက်သွယ်၍ ပြောင်းလဲလိုသည့် အကြောင်းအရာကိုပြောပြပြီး ပြောင်းလဲအသုံးပြုနိုင်ပါတယ်

A+ အကောင့်မရှိတဲ့သူဆီ နီးစပ်ရာ A+ ကိုယ်စားလှယ် (သို့) ငွေလွှဲကောင်တာ တွေက ဖြစ်ဖြစ် ၊ A+ အကောင့်ကနေဖြစ်ဖြစ် ငွေလွှဲတဲ့အခါ A+ မှ ငွေလွှဲသူဆီအလိုအလျောက် ပို့ပေးတဲ့ လျှို့ဝှက်နံပါတ် (Secret Code) ကို မက်ဆေ့ချ်ရမှာဖြစ်ပါတယ်။ လျှို့ဝှက်နံပါတ် (Secret Code) မှာ ဂဏန်း ၆လုံးရှိပါတယ်။

A+ ငွေလွှဲကောင်တာတွေမှ ငွေလွှဲတဲ့အခါ ငွေလက်ခံတဲ့သူဆီရောက်ဖို့ အချိန်ဘယ်လောက်ကြာလဲ? A+ ငွေလွှဲကောင်တာတွေမှ ငွေလွှဲတဲ့အခါ ငွေလက်ခံမယ့်သူဆီကို လုပ်ငန်းစဉ်အမှတ်ပါတဲ့ SMS ချက်ချင်းရောက်ပါတယ်။ ငွေလက်ခံမယ့်သူက ငွေလွှဲသူပို့ပေးထားတဲ့ လျှို့ဝှက်နံပါတ် ၆ လုံးကို A+ ငွေလွှဲကောင်တာ Agent ဆိုင်မှာပြောပြပြီး (2)ရက်အတွင်း ငွေထုတ်ရန်လိုအပ်ပါသည်။

A+ (Plus) Call Center မှ လူကြီးမင်းတို့ကိုဆက်သွယ်တဲ့အခါ ဖုန်းနံပါတ် 09 770 709 888 နဲ့ပဲ ဆက်သွယ်ပါတယ်။ ဒါ့အပြင် Call Center မှ ဆက်သွယ်လာသည့်အခါ လူကြီးမင်းတို့ကို အမည်၊ ဖုန်းနံပါတ် ၊ မှတ်ပုံတင်တို့မှအပ ကိုယ်ရေးကိုယ်တာကိစ္စများကို မည်သည့်အခါမှ မေးမြန်းခြင်းရှိမည် မဟုတ်ပါ။

သိရှိလိုတဲ့အကြောင်းအရာကိုရှာလို့မတွေ့ဘူးလား?

အောက်ပါဖုန်းနံပါတ်များသို့ အသေးစိတ် ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါသည်။

09 770 709 888