A+ Mobile Wallet အကြောင်း

A+ Mobile Wallet သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသောခေတ်နှင့်အညီ ငွေကြေးဆိုင်ရာဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာပြုလုပ်နိုင်ရန်အတွက် A bank မှ တီထွင်ထားသောမိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ A+ Wallet ဆိုတာ တစ်နေ့တာ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ်၊ ငွေပေးချေမှု တွေကို ဖုန်းတစ်လုံးရှိရုံနဲ့ လွယ်ကူလျင်မြန်စွာ စိတ်ကြိုက်အသုံးပြုနိုင်တဲ့ ...

လွယ်ကူလျင်မြန်သောလုပ်ဆောင်ချက်များ

ငွေလွှဲရန်

လွယ်ကူစွာငွေလွှဲနိုင်ခြင်း

ငွေသွင်းရန်

ကဒ်ဖြင့်ငွေသွင်းခြင်း

ငွေထုတ်ရန်

နေရာမရွေးငွေထုတ်နိုင်ခြင်း

ဖုန်းငွေဖြည့်ရန်

မိုဘိုင်းဖုန်းဘေလ်ဖြည့်ခြင်း

ဘေလ်ပေးဆောင်ရန်

အင်တာနက်ဘေလ်များ

ငွေအမြန်ပေးခြင်း

QR ဖြင့်ငွေအမြန်ပေးခြင်း

ငွေလွှဲရန်

A+ အကောင့်မှ ငွေလွှဲလိုပါက ငွေလွှဲနည်းပုံစံ (၂) မျိုးဖြင့် ငွေလွှဲနိုင်ပါသည်။
A+ အကောင့်ရှိသူအချင်းချင်း A+ Wallet App ၏ ငွေလွှဲမှတစ်ဆင့် အလွယ်တကူ ငွေလွှဲခြင်းနှင့် A+ အကောင့်မရှိသူထံသို့ ငွေလွှဲလိုပါက မှတ်ပုံတင်၊ One Time Password (OTP) နှင့် Transaction Code တို့ဖြင့် မိမိလွှဲလိုသည့် ပမာဏအလိုက် သတ်မှတ်ဝန်ဆောင်ခများဖြင့် ငွေလွှဲနိုင်ပါသည်။

ငွေသွင်းရန်

A+ Wallet အကောင့်ထဲသို့ နည်းလမ်း (၃) မျိုးဖြင့် ငွေဖြည့်သွင်းနိုင်ပါသည်။
(၁) ကတ်များမှတစ်ဆင့် ငွေဖြည့်ခြင်း
(၂) A bank အကောင့်မှ ငွေဖြည့်ခြင်း
(၃) A+ Agent များမှ ငွေဖြည့်ခြင်း

ငွေထုတ်ရန်

A+ Wallet အကောင့်မှ ငွေထုတ်လိုပါက နီးစပ်ရာ Agent (သို့မဟုတ်) Prime Agent Counter ရှိသော A bank ဘဏ်ခွဲများတွင် ငွေထုတ်ယူနိုင်ပါသည်။

ဖုန်းငွေဖြည့်ရန်

A+ Wallet App မှတစ်ဆင့် မည်သည့်ဖုန်းအော်ပရေတာကိုမဆို ဖုန်းဘေလ်ဖြည့်လို့ရနိုင်ပါသည်။ ဖုန်းငွေဖြည့်တိုင်း လျှော့ပေးသည့် အထူးလျှော့ဈေးနှုန်းထားများလည်း ရှိပါသည်။

ဘေလ်ပေးဆောင်ရန်

A+ Wallet App မှတစ်ဆင့် MyanmarNet၊ Hi-wifi၊ Ananda စသည့် အင်တာနက်များ၏ ဘေလ်များကို လွယ်ကူစွာပေးဆောင်နိုင်ပါသည်။

ငွေအမြန်ပေးခြင်း

A+ Wallet App ၏ Gift Card မှတစ်ဆင့် iTunes Gift Card များကို မိမိစိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။

Merchant နဲ့ Agent အဖြစ်
ဘယ်လိုလျှောက်ထားမလဲ?

  • A+ Merchant အဖြစ် စိတ်ပါဝင်စားလျှောက်ထားလိုပါက ဖော်ပြထားသောလင့်ခ် Become A+ Merchant မှတစ်ဆင့် လျှောက်ထားလို့ရသလို သိရှိလိုသည်များကိုမေးမြန်းဖို့အတွက် A+ Call Center - 09 770709888 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
  • A+ Agent အဖြစ်လျှောက်ထားလိုပါက လက်လီ/ လက္ကား အရောင်းဆိုင်ရှိပြီး နေ့စဉ်အနည်းဆုံး (၈) နာရီ ဝန်ဆောင်မှုပေးနိုင်သူဖြစ်ဖို့ လိုအပ်ပါသည်။ လျှောက်ထားလိုပါက အောက်ဖော်ပြပါလင့်ခ် Become A+ Agent မှတစ်ဆင့် လျှောက်ထားနိုင်သလို အခြားသိလိုသည့်အကြောင်းအရာများ ကိုလည်း A+ Call Center- 09 770 709 888 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Agent များ၏တည်နေရာများကို ဤနေရာ တွင်ရှာဖွေကြည့်ရှုနိုင်ပါသည်။

အသုံးပြုသူတို့၏ စကားသံများ

“A+ Wallet နဲ့ ဖုန်းဘေလ်ဖြည့်ရတာကြိုက်ပါတယ်။ ၁,၀၀၀ ကျပ်ကစပြီး 5% လျော့ဈေးရတာဆိုတော့ ဖုန်းဘေလ်တော်တော် များများဖြည့်ဖြစ်တယ်။ အမအတွက်ကတော့ A+ Wallet သုံးရတာအရမ်းအဆင်ပြေလို့ အမြဲတမ်းသုံးဖြစ်ပါတယ်။ ”

Khin Thida Oo

A+ WALLET USER

“ ဖုန်းငွေဖြည့်တာနဲ့ ငွေလွှဲရတာအရမ်း အဆင်ပြေပါတယ်။အဓိကသုံးဖြစ်တာကတော့ ဖုန်းငွေဖြည့်တာနဲ့ လစာက A+ နဲ့ ပေးတာဆိုတော့အသုံးများပါတယ်။ A+ Walletဒီထက်မကအောင်မြင်ပါစေ။ပရိုမိုးရှင်းအစီအစဉ်တွေများများလုပ်ပေးနိုင်ဖို့လည်း ဆုတောင်းပေးပါတယ်။”

Yar Zar Tun

A+ WALLET USER

“ကျွန်တော်က A+ Wallet ကိုစသုံးတာတော့ (၃)လလောက်ရှိပြီ၊ အမျိုးတွေဆီကို ငွေလွှဲဖြစ် တယ်၊ ဘေလ်ကုန်တာနဲ့ ဖုန်းငွေဖြည့်ဖြစ်တယ်၊အသုံးပြုရတာတော့အရမ်းအဆင်ပြေတယ်ဗျ ကျွန်တော်ကတော့ကြိုက်တယ်.”

Kyaw Zin Nyunt

A+ WALLET USER

“A bank ကိုစတည်းက အကောင့်ဖွင့်ပြီး ငွေအပ်ဖြစ်ပါတယ်... အခုလည်း A+ Wallet က A bank ကပေးတဲ့ service မို့ စိတ်ချယုံကြည်မှုအပြည့်ရှိပါတယ်။”

Crystal Store

A+ Agent

“ကိုယ်က Agent ဆိုင်လုပ်နေတဲ့သူဆိုတော့ ဆိုင်မှာတော့အစုံတင်တာပေါ့... အဲ့ထဲမှာ A+ ကိုတော့ တော်တော်သဘောကျတယ်။ သူများ Mobile Financial Service တွေထက် ထူးခြားမှုရှိပြီး အောင်မြင်မယ်လို့ ထင်ပါတယ်”

Ko Min Min

A+ Agent

“A+ Wallet Customer များအတွက် ဝန်ဆောင်မှုတွေကို ကြိုးစားပေးဖို့ အသင့်ရှိနေပါတယ်”

Everlight (Mandalay)

A+ Agent

“Mobile Financial Service တစ်ခုဖြစ်တဲ့ A+ Wallet ကိုလုံခြုံစိတ်ချရတဲ့ဝန်ဆောင်မှုတစ်ခုလို့မြင်ပါတယ်။”

Tecno Mobile (Hpa-an)

A+ Agent