A+ Wallet Merchants

A+ Wallet မိတ်ဖက်ကိုယ်စားလှယ်များအဖြစ်လျောက်ထားလိုပါက မိမိ၏ဖုန်းနံပါတ်၊ ဆိုင်နာမည် ၊ ဆိုင်လိပ်စာအပြည့်အစုံ (မြို့နယ် ၊ တိုင်းအတိ အကျ)ဖြင့်လျောက်ထားနိုင်ပြီး A+ Team မှလူကြီးမင်း၏အချက်အလက်များအား စစ်ဆေးပြီးပြန်လည်ဆက်သွယ်မည်ဖြစ်သည်။

A+ Agent ဆိုင်တွေမှာ ငွေလွှဲရင်း ဖူးစာရှင်နဲ့ဆုံစည်းနိုင်ပါတယ်!
A+ Wallet နဲ့ ရွှေအိုးဆေးဆိုင်မှာ ငွေရှင်းကြစို့!
Mr. Jerry BBQ and Hotpot Yangon မှာ​ A+ ရှိနေပါပြီ
Cheese O' Tea သောက်တိုင်း A+ Wallet နဲ့ငွေရှင်းကြစို့!
Sushi fan လား?
Jo Jo Hotpot မှာလည်း A+ Wallet ရှိနေပြီနော်!

A+ Merchants

လူကြီးမင်းတို့ရဲ့ရောင်းအားများ တိုးတက်မြန်ဆန်ဖို့အတွက် အခုဘဲ A+ Merchant အဖြစ် လက်တွဲလိုက်ပါ။

  • သင်၏ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုကို ရောင်းအား မြင့်တက်စေခြင်း။
  • ငွေသားမဲ့ငွေချေခြင်းကို လူကြိုက်များကြပြီး ကမ္ဘာတစ်ဝှမ်းတွင် လည်ပတ်နေသော ငွေသားမလိုသည့်စနစ်ဖြင့် သင်၏ စီးပွားရေးကိုတိုးတက်စေနိုင်ပါသည်။
  • လွယ်ကူရိုးရှင်းပြီး မြန်ဆန်သောစနစ်ဖြင့် ငွေသားပြန်လည်ထုတ်ယူနိုင်ပါသည်။
  • အကုန်အကျသက်သာသော ငွေသားစီမံမှုစနစ်ကြောင့် ပျက်စီးပျောက်ဆုံးမှုနှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ပါသည်။
A+ Merchants

အသုံးပြုသူများ လွယ်ကူစွာငွေပေးချေနိုင်ရန်အတွက် မြန်မာနိုင်ငံအနှံ့ A+ နှင့်ချိတ်ဆက်ထားသော A+ Merchant ဆိုင်ပေါင်းအများအပြားရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပိုမိုကြီးမားကျယ်ပြန့်သော ကွန်ယက်ဖန်တီးရန် ကြိုးစားလျက်ရှိပါသည်။

ငွေလွှဲရန်အတွက် အနီးဆုံး A+ အေးဂျင့်ဆိုင်သို့ သွားရောက်ပြီး သင့်ဖုန်းနံပါတ်၊ အမည်၊ မှတ်ပုံတင် နှင့် ငွေလက်ခံသူ၏ ဖုန်းနံပါတ်ကိုပေးပါ။ အလိုအလျောက်ထုတ်ပေးသော ငွေသားကုဒ်ကို SMS မှတစ်ဆင့် သင့်ထံ ပေးပို့မည်ဖြစ်ပြီး ငွေလက်ခံသူကိုသာ ငွေသားကုဒ်ကို ပေးပို့ရန်လိုအပ်ပါသည်။

A+ ဆိုင်းဘုတ်နှင့် အမှတ်အသားများကို A+ အေးဂျင့်ဆိုင်တိုင်းတွင် တပ်ဆင်ထားပါသည်။

ငွေလက်ခံသူသည် လက်ခံရရှိထားသော SMS နှင့် မှတ်ပုံတင်နံပါတ်ကို ပြသပြီး Cash Code ပြောပြခြင်းဖြင့် A+ အေးဂျင့်ဆိုင်များတွင် ငွေလက်ခံရရှိနိုင်ပါသည်။ ငွေလက်ခံသူမှလွဲ၍ လျှို့ဝှက်ကုဒ်ကို မည်သူနှင့်မျှ မမျှဝေရန် အရေးကြီးပါသည်။

ငွေသားကုဒ်ကို A+ Wallet မှတဆင့် သို့မဟုတ် A+ ကိုယ်စားလှယ်ဆိုင်မှ A+ Wallet မရှိသော ငွေလက်ခံသူထံသို့ ငွေလွှဲသောအခါတွင် ငွေသားကုဒ်ကို အသုံးပြုသည်။ ဤငွေသားကုဒ်သည် အလိုအလျောက် ထုတ်ပေးသည့် နံပါတ်ဖြစ်ပြီး ဂဏန်း ၈ လုံးပါရှိသည်။

ငွေလက်ခံသူထံ ငွေလွှဲပြီးနောက် ငွေသားကုဒ်ကို မတော်တဆ ဖျက်မိပါက၊ သင့်မိုဘိုင်းနံပါတ်သို့ Cash Code အသစ်ပါ၀င်သည့် SMS ကို ထပ်မံတောင်းဆိုရန် A+ Agent Call Center 09770709888 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဤအကူအညီကို ငွေလွှဲသူ သို့မဟုတ် ငွေလွှဲသည့် A+ အေးဂျင့်ဆိုင်မှသာ တောင်းဆိုနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

A+ Merchant အဖြစ်လျှောက်ထားခြင်းနှင့် အခြားအသေးစိတ်သိရှိလိုသောအကြောင်းအရာများအား

Merchant Call Center Phone : 09770709888 သို့ ရုံးချိန်အတွင်း ဆက်သွယ်၊ စုံစမ်း၊ မေးမြန်း နိုင်ပါသည်။