သက်တမ်း ၁ နှစ်ကျော်တွင် အောင်မြင်မှု ရရှိလာသော A Plus မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှ ငွေလွှဲသူများနှင့် မိတ်ဖက်ကိုယ်စားလှယ်ကြီးများအား ကျေးဇူးတင်ရှိသောအားဖြင့် ငွေလွှဲခနှုန်းထားများ လျှော့ချလိုက်သည့်အပြင် ကိုယ်စားလှယ်ကြီးများအတွက် အကျိုးအမြတ် ပိုမိုရရှိစေသော ကော်မရှင်နှုန်းထားများကိုလည်း ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။

 

ရန်ကုန်၊ မြန်မာ မတ်လ (၁၃) ရက်၊ ၂၀၂၃  ခုနှစ်။           ။ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်ဘဏ္ဍာရေးခေတ်သစ်ကို ဖော်ဆောင်နိုင်ရန် A bank က A+ (A Plus) Wallet ကို အများပြည်သူများအတွက် ပြုလုပ်ဖန်တီး ဝန်ဆောင်မှု ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် မတ်လမှစတင်၍ ငွေလွှဲသူများအတွက် ပိုမိုသက်သာသော ငွေလွှဲနှုန်းထားများ၊ မိတ်ဖက်ကိုယ်စားလှယ်ကြီးများအတွက် ပိုမိုအကျိုးအမြတ်ရှိသော ကော်မရှင်နှုန်းထားများသို့ ပြောင်းလဲသတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါသည်။

 

၂၀၂၁ ခုနှစ်မှ စတင်မိတ်ဆက်ခဲ့ပြီး ယခုအချိန်တွင် အားပေးအသုံးပြုသူအများအပြား ရှိနေသော ခေတ်မီမိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြစ်သည့် A Plus Wallet သည် သက်တမ်း (၁) နှစ်ကျော် ကြာမြင့်ချိန်တွင် သုံးစွဲသူများအတွက် ခေတ်မီသော နည်းပညာများ မိတ်ဆက်ပေးနိုင်ခဲ့သည့်အပြင် တိုးတက်များပြားလာသော  ငွေလွှဲသူများအတွက်လည်း သက်သာသော ငွေလွှဲနှုန်းထားများကို ပြင်ဆင်သတ်မှတ်ပေးနိုင်ခြင်း ဖြစ်သကဲ့သို့ A Plus နှင့်အတူ လက်တွဲလုပ်ဆောင်နေကြသော မိတ်ဖက်ကိုယ်စားလှယ်ကြီးများအတွက်လည်း ပိုမိုအကျိုးအမြတ်ရှိသော ကော်မရှင်နှုန်းထားများ ပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

လက်ရှိတွင် A Plus Wallet အကောင့် ဖွင့်လှစ်ထားပြီးသူပေါင်း ၁ သန်း ဝန်းကျင်ခန့် ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း မိတ်ဖက်ကိုယ်စားလှယ်ကြီးပေါင်း သုံးသောင်းဝန်းကျင် ရှိထားပြီး ဖြစ်သည့်အတွက် ခေတ်မီ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသော လုပ်ငန်းတစ်ခုအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

 

ယခုကဲ့သို့ A Plus မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို ယုံကြည်စွာ အသုံးပြုကြသော သုံးစွဲသူများ၊ ငွေလွှဲအသုံးပြုသူများ၊ လက်တွဲ ပူးပေါင်းဆောင်ရွက်နေကြသော မိတ်ဖက်ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

 

ပြောင်းလဲလိုက်သော ငွေလွှဲနှုန်းထားများကို Customer Fees Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။