A bank မှ လုပ်ဖော်ကိုင်ဖက်များအတွက် အထူးအစီအစဉ်အနေဖြင့် “စိတ်ကြိုက်ရှင်း New Year ဆုလက်ဆောင်ယူ (A+ Staff QR Payment Campaign)’’ အစီအစဉ်ကို ၉ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ် မှ ၉ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ် အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါအစီအစဉ်တွင် A bank လုပ်ဖော်ကိုင်ဖက်များအနေဖြင့် A+ Wallet ကိုအသုံးပြုပြီး အောက်ဖော်ပြပါဆိုင်များမှ ကြိုက်နှစ်သက်ရာဆိုင် (၅) ဆိုင်တွင် တစ်ဆိုင်လျှင် အနည်းဆုံး ၅၀၀ ကျပ်နှင့်အထက် ငွေပေးချေဝယ်ယူပြီး အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မှာ ဖြစ်ပါသည်။

 

“စိတ်ကြိုက်ရှင်း New Year ဆုလက်ဆောင်ယူ (A+ Staff QR Payment Campaign)’’ အစီအစဉ်တွင် ပါဝင်ကံစမ်းထားသော A bank ဝန်ထမ်းများအနေဖြင့် ဆုလက်ဆောင်များဖြစ်သော  

- SAMSUNG A33 ဖုန်း (၁) လုံး

- Midea Airfyer (၂) လုံး

- Viomi Rice Cooker (၃) လုံး

- Midea Air Cooler (၃) လုံး

- Remax Power Bank (၁၀)လုံးနှင့်

- SONY 43' LED FHD Smart TV (၁) လုံး

တို့ကို ကံစမ်းခွင့်ရရှိမှာဖြစ်ပါသည်။

 

A bank လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ပူးတွဲဖိုင်တွင်ပါဝင်သော ဆိုင်များ၏ မည်သည့်ဆိုင်တွင်မဆို ငွေရှင်းပြီး “စိတ်ကြိုက်ရှင်း New Year ဆုလက်ဆောင်ယူ (A+ Staff QR Payment Campaign)’’ အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပါသည်။